Tip Travel

ဥပ္ပါတသန္တိစေတီတော်ကြီး သို့ အလည်တခေါက်

နေပြည်တော်ကို အလည်အပတ်ခရီးထွက်မယ်ဆို ဥပ္ပါတသန္တိစေတီတော်ကြီးကို လည်း မေ့ထားလို့ မရပါဘူး…

စေတီတော်ကြီးကို တန်ခိုးကြီးမားပြီး၊ မြန်မာနိုင်ငံရဲ့ ရတနာတပါးဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး ပုံစံတူ ဉာဏ်တော်

အမြင့်အောက် (၁) ပေ လျှော့ပြီး တည်ထားခြင်းဖြစ်ပါတယ်…

စေတီတော်ကြီးကို မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသော ပြည်သူအားလုံး ဘေးအန္တရာယ် ကင်းဝေးပြီး ကောင်းကျိုးချမ်းသာများနှင့် ပြည့်ဝစေရန်ရည်ရွယ်ပြီး ဥပ္ပါတသန္တိစေတီတော် ရယ်လို့ ပူဇော်သမုတ်ခဲ့တာလို့ သိရပါတယ်…

စေတီတော်ကြီး ကို လိုဏ်ဂူပုံစံ တည်ထားခြင်းဖြစ်ပြီး၊ စေတီတော်ကြီးရဲ့ အတွင်းဘက်ကို စကျင်ကျောက်များဖြင့် ထွင်းလုပ်ထားတဲ့ အနုပညာလက်ရာများစွာကိုလည်းတွေ့နိုင်ပါတယ်၊ စေတီတော် အနီးအနား မှာ အိမ်ပြန်လက်ဆောင်ဝယ်ယူရန် ဆိုင်ခန်း အများအပြားလည်းရှိပြီး၊ ညချမ်းအချိန်လည်ပတ်ရင် နေပြည်တော်မြို့ရဲ့ အလှအပတွေကို ဆိုင်ကယ်စီးရင်း၊ ကားစီးရင်း ခံစားနိုင်မှာဖြစ်ပါတယ်..

လှပပြီး၊ ကြည်နူးစရာ ကောင်းတဲ့ညချမ်းကို ကုန်ဆုံးရင်းမိသားစုတွေ၊ သူငယ်ချင်းတွေ အတူတူသွားလာလည်ပတ်ဖို့ဆိုရင် Nirvana Hotel & Resort ကနေ ၁၅ မိနစ် သာ ကားမောင်းသွားနိုင်တဲ့ အကွာအဝေးတွင်တည်ရှိပြီး၊ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်၊ ရာဇာဌာနီလမ်းမကြီး အနီးတွင် တည်ထားပူဇော်ထားခြင်းဖြစ်ပါတယ်…

ညချမ်းအချိန်အခါနဲ့ မိသားစု၊ သူငယ်ချင်းတွေ အမှတ်တရတွေဖန်တီးဖို့ ဆို အထူးသင့်လျော်ကြောင်းအကြံပေးပါရစေ

No comments yet! You be the first to comment.

Leave a Reply

Your email address will not be published.