Tip Travel

လွှတ်တော် သို့ ခရီးတစ်ခေါက်

 

လွှတ်တော်ဆိုသည်မှာ“ပြည်သူများ၏ ဆန္ဒ၊ အသံနှင့် မျှော်လင့်ချက်များကို အဓိကအကောင်အထည်ဖော်ဆောင်ရွက်

ပေးရသောနေရာကို လွှတ်တော်ဟုခေါ်သည်၊ လွှတ်တော်ကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်ရယ်လို့ လွှတ်တော် (၃)ရပ်ခွဲထားပါတယ်၊ လွှတ်တော် (၃)ရပ်လုံးမှာ ပြည်သူတရပ်လုံးကရွေးချယ်တင် မြောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ပြီး ပြည်သူအကျိုးစီးပွား တိုးတက်ရေး၊

ပြည်သူများ၏ စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးစသည့် ပြည်သူအကျိုးစီးပွားတိုးတက်ရာ တိုးတက်ကြောင်းကိစ္စ

များကို ဆွေးနွေးကြရာ နေရာတခုဖြစ်သည်…

တနည်းဆိုရလျှင် လွှတ်တော်သည် ပြည်သူတရပ်လုံးကို ကိုယ်စားပြုနေသော တခုတည်းသောအဖွဲ့အစည်းဖြစ်သည်၊

သည်လိုမျိုး ကိုယ်ရွေးချယ်တင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူအတွက် အလုပ်အကျွေးပြုရာ၊ အခွင့်အရေးတွေဆွေးနွေးပေးရာ၊ တရားမျှတမှုအတွက်ဆောင်ရွက်ပေးရာ နေရာကြီးကို အလည်အပတ်သွားမယ်ဆို ဘာတွေလိုအပ်မလဲဆိုပြောပြပေးချင်ပါတယ်…

လွှတ်တော်ထဲကိုလေ့လာရေးသွားမယ်ဆို လွှတ်တော်အစည်းအဝေးကျင်းပရာနေ့ကိုသိရမယ်၊ လွှတ်တော်ကိုယ်စားလှယ်တဦး ကိုလိပ်မူပြီး လာရောက်လည်ပတ်စေလိုကြောင်း ရုံးစာနဲ့ လူဦးရေစာရင်းတွဲတင်ရမယ်၊

ဆက်သွယ်တာဝန်ခံမယ့် ခေါင်းဆောင်တဦးရဲ့ ဖုန်းနံပါတ်လက်မှတ်တွေပါမယ်ဆို တပတ်ကြာရင်ဖြင့် သွားရောက်လည်

ပတ်လို့ရပါပြီ…

ဝန်ဆောင်ကောင်းတွေနဲ့ ခရီးသွားချင်တယ်ဆိုရင် လွှတ်တော်သို့ သွားရန်(၁၅)မိနစ်သာကြာမြင့်တဲ့ Nirvana Hotel & Resort ကိုရွေးချယ်ဖို့အကြံပေးပါရစေ…

No comments yet! You be the first to comment.

Leave a Reply

Your email address will not be published.