နေပြည်တော်သို့အလည်တစ်ခေါက်
မြန်မာနိုင်ငံရဲ့မြို့တော်လည်းဖြစ်တဲ့ နေပြည်တော်မြို့သို့ အလည်တစ်ခေါက်သွားကြမယ်ဆိုရင် မိသားစုတွေ သူငယ်ချင်းတွေ ကုမ္ပဏီအဖွဲ့အစည်းတွေနဲ့ လည်ပတ်လို့ကောင်းတဲ့ အထင်ကရနေရာတွေထဲက ရေပန်းဥယျာဉ်သွားလည်ကြည့်ဖို့ အကြံပေးချင်ပါတယ်…
နေပြည်တော်ရဲ့ ရေပန်းဥယျာဉ်ဟာ ဒီလိုရာသီနဲ့အံကိုက်ဖြစ်စေမယ့် နေရာလေးတစ်ခုပါပဲ…
ရေပန်းဥယျာဉ်ထဲမှာ ရေပန်း (၃) ခုပါဝင်တဲ့ အဓိကရေကန်ကြီးတစ်ကန်နဲ့ ရေပန်းအလှတွေကိုလည်း ဥယျာဉ်ထဲမှာတွေ့မြင်နိုင်ပါတယ်…
ဒါ့အပြင် အခြားအပမ်းဖြေစရာနေရာတွေအပြင် ပန်းအလှပင်တွေ စိုက်ပျိုးထားတဲ့ပန်းခြံငယ်၊ ကျောက်တုံးကြီးတွေနဲ့ ရေတံခွန်ပုံစံတူပြုလုပ်ထားတဲ့ ရေတံခွန်အတု၊ မိသားစုတွေ ရေဆော့ကစားလို့ရမယ့် ရေလွှာလျှောစီးအပြင် ရေကူးကန်တွေနဲ့ ပင်ပန်းသမျှကို လုံးဝအပမ်းပြေစေမှာ သေချာပါတယ်…
ဒါတင်ပဲလားဆိုတော့ ညဘက်မှာလည်း မီးရောင်စုံနဲ့ရေပန်း အလှတွေကို အေးအေးဆေးဆေး ခံစားမလား… ကြိုးတံတားလေးမှာပဲ လမ်းလျှောက်မလား… လျှောက်လမ်းလေးမှာပဲ လမ်းလျှောက်ရင်းလေညှင်းခံမလား… မြန်မာပြည်ရဲ့ပထမဆုံးသော ရေပန်းရုပ်ရှင်ပဲကြည့်ဦးမလား… တွေးကြည့်ရုံနဲ့တင် အရမ်းပျော်စရာကောင်းနေပါပြီ…
မိတ်ဆွေတို့အနေနဲ့ နေပြည်တော်ကို သွားရောက်လည်ပတ်မယ်ဆိုရင် ရေပန်းဥယျာဉ်ကနေ ကားနဲ့ (၁၀) မိနစ်ခန့်မောင်းရုံနဲ့ Nirvana Hotel & Resort ကိုရောက်နိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါတယ်…