Tip Travel

နေပြည်တော်ကိုခရီးသွားကြမယ်…

အားလပ်ရက်လေးမှာ ခရီးသွားကြမယ်ဆိုရင် နေပြည်တော်ကို တစ်ခေါက်လောက် အလည်သွားကြည့်ကြဖို့ အကြံပေးပါတယ်… နေပြည်တော်မှာ လည်ပတ်စရာအနေနဲ့ ရေပန်းဥယျာဉ်၊ ဥပ္ပါသန္တိစေတီတော်၊ မြို့မဈေး စတဲ့ လည်ပတ်စရာ ဈေးဝယ်စရာနေရာများလည်း ရှိနေပါတယ်…

ဥပ္ပါသန္တိစေတီတော်

ဥပ္ပါသန္တိစေတီတော်တွင် မြတ်ဗုဒ္ဓ၏စွယ်တော်ကို တရုတ်ပြည်မှ ပင့်ဆောင်ကိုးကွယ်ထားပြီး ရွှေတိဂုံစေတီတော်နဲ့ အနီးစပ်ဆုံးပုံစံတူတည်ဆောက် ကိုးကွယ်ထားတဲ့စေတီတော်ပဲဖြစ်ပါတယ်… Nirvana Hotel & Resort မှ ဥပ္ပါသန္တိစေတီတော်သို့ ကားနဲ့သွားရင် (၁၈) မိနစ်ခန့်သွားနိုင်မှာဖြစ်ပါတယ်…

ရေပန်းဥယျာဉ်

နေပြည်တော်မြို့ရဲ့ အလှပဆုံးထဲက နေရာတစ်ခုဆိုရင် ရေပန်းဥယျာဉ်ကိုပြရမှာပါပဲ… ညဘက်မှာ မီးစုံတွေနဲ့လှပနေတဲ့ ရေပန်းအလှအပတွေကြောင့် စိတ်အပမ်းကိုပြေစေမှာအသေအချာပါပဲ… ဒါ့အပြင် မြန်မာပြည်မှာမရှိသေးတဲ့ ရေပန်းရုပ်ရှင်ကိုလည်း ရေပန်းဥယျာဉ်မှာ ကြည့်ရှုခံစားလို့ရနိုင်ပါသေးတယ်…

မြို့မဈေး

နေပြည်တော်ကိုသွားလည်မယ်ဆိုရင် မြို့မဈေးကိုလည်းချန်ထားခဲ့လို့မရပါဘူး… နေပြည်တော်ရဲ့ အချက်အချာကျတဲ့ နေရာမှာရှိပြီးတော့ အိမ်ပြန်လက်ဆောင်ပေးချင်သူတွေအတွက် ဒေသထွက်မျှစ်ချဉ်ကိုလည်း မြို့မဈေးထဲမှာ ၀ယ်ယူလို့ရနိုင်ပါတယ်…

ဒီနေရာတွေအကုန်လုံးကို Nirvana Hotel & Resort မှ သွားလည်မယ်ဆိုရင် ဟိုတယ်နဲ့အနီးဆုံးနေရာတွေမှာရှိတဲ့အတွက် မိနစ်အနည်းငယ်အတွင်းရောက်ရှိနိုင်တာကြောင့် လည်ပတ်ချိန်ပိုမိုရရှိနိုင်ပါတယ်…

No comments yet! You be the first to comment.

Leave a Reply

Your email address will not be published.