Tip Travel

လေ့လာစရာစုံလင် စစ်သမိုင်းပြတိုက်တွင်

အမိနိုင်ငံတော်ကိုကာကွယ်ရင်း တရားသောစစ်ကိုဆင်နွှဲနေကြတဲ့ တပ်မတော်သားတွေရဲ့ ခေတ်အဆက်ဆက် သမိုင်းကြောင်းတွေကို တစ်စုတစ်စည်းထဲ စုံစုံလင်လင် လေ့လာနိုင်မယ့် စစ်သမိုင်းပြတိုက်ကို နေပြည်တော်ကို ရောက်တဲ့အခါ သွားရောက်လေ့လာဖို့ အကြံပြုလိုပါတယ်…

နေပြည်တော် စစ်သမိုင်းပြတိုက်သည် နေပြည်တော်ရဲ့ အရှေ့မြောက်ပိုင်းတွင်ရှိပြီး မိုးလုံလေလုံ ဇေယျာသီရိ အားကစားရုံနားမှာ တည်ရှိတာပဲ ဖြစ်ပါတယ်… ပြခန်းရဲ့အကျယ်ဟာ (၆၀၃)ဧက ကျယ်ဝန်ပြီး ပြခန်း (၁၂)ခန်းနဲ့ အပိုင်း (၃)ပိုင်းခွဲကာ ပြသထားပါတယ်…

ပြခန်းအတွင်း၌ ရှေးခေတ်မြန်မာဘုရင်များ လက်ထက်တွင် ၀တ်ဆင်ခဲ့ကြသည့် ချပ်ဝတ်တန်ဆာများ၊ အသုံးအဆောင်များ၊ လက်နက်ခဲယမ်းများမှစ၍ ယနေ့ခေတ် ကြည်း၊ ရေ၊ လေ တပ်မတော်တွင် အသုံးပြုကြသည့် ခေတ်မီလက်နက်များအပြင် ရဟတ်ယာဉ်များ၊ လေယာဉ်များ၊ တင့်ကားများ၊ အမြှောက်လက်နက်များကိုလည်း မျက်ဝါးထင်ထင် အနီးကပ်လေ့လာခွင့်ရမှာပဲ ဖြစ်ပါတယ်…

ဒါ့အပြင် မြန်မာ့စစ်သမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သည့် ခေတ်အဆက်ဆက် တိုက်ပွဲများ၏ အကြောင်းအရာများ၊ စစ်တိုက်ရာတွင် ရေးဆွဲကြသည့် စစ်ဗျူဟာပုံစံငယ်များကိုလည်း ဗဟုသုတရဖွယ်ရာ လေ့လာခွင့်ရရှိမှာပဲ ဖြစ်ပါတယ်… အခုလို တပ်မတော်သမိုင်းအစဉ်အဆက် အကြောင်းအရာများကို ယနေ့ခေတ်လူငယ်များအနေနဲ့ သွားရောက်လေ့လာသင့်တဲ့ နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်…

No comments yet! You be the first to comment.

Leave a Reply

Your email address will not be published.